
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဦးအောင်လွင်မှ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သတ်၍ ဆီကိုယ်စားလှယ် (၃၅)ဦးအား တွေ့ဆုံမေးမြန်းခြင်း၊ စားအုန်းဆီ လက်ကားလက်လီရောင်းချရာတွင် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင် မသမာသောနည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စွာ ပြည်သူများဝယ်ယူရရှိနိုင်ရေး၊ ရောင်းချသူလုပ်ငန်းရှင်များမှ စားအုန်းဆီနှင့် ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များ သိရှိနိုင်စေရန် ရှင်းလင်းအသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
