
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ၂၀၂၆ခုနှစ်ဧပြီလ ၃ ရက်နေ့ နေ့လယ် (၁၅.၀၀)နာရီအချိန်တွင် မြို့နယ်ဦးစီးမှူးရုံးခန့်မ၌ လက်လီ/လက်ကားအရောင်းဆိုင်များအား စျေးနှုန်းကြီးမြင့်စွာရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်း ဆီရောင်းချသူ လက်လီဆိုင်ရှင်များအား မိမိတို့ဌာနအနေဖြင့် စားအုန်းဆီနှင့် ပတ်သက်၍ ဖြန့်ဖြူးမှုစနစ်တကျရှိစေရေး ရန်ကုန်တိုင်းအတွင်းကုမ္ပဏီများမှ ပုသိမ်မြို့မှတဆင့် ခရိုင်များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြည်သူများ လုံလောက်စွာဝယ်ယူရရှိနိုင်စေရန် ကြပ်မတ်ဆောင်ရွက်နေပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော လက်လီဈေးနှုန်းများဖြင့် ရောင်းချစေရန်၊ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဆီလက်လီရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများထံ အလေးချိန်မှန်ကန်ပြည့်ဝစွာ သတ်မှတ်ရက်များအတွင်း အမှန်တကယ်ရောင်းချပေးနိုင်ရန်ကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်တို့ဘက်မှ မိမိတို့ သတ်မှတ်ရရှိသော ဆီခွဲတမ်းများ မရရှိပါကလည်း ဌာနသို့ အကြောင်းကြားနိုင်ကြောင်း၊ ဆီများကို သိုလှောင်ခြင်းများမပြုလုပ်ရန် ဒေသတွင်းစားသုံးမှုဖူလုံရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပြီး ခွဲတမ်းရရှိဆီအားအပြည့်အဝရောင်းချရန်နှင့် မိမိတို့ဆိုင်အလိုက် ရောင်းချပေးသည့် စာရင်းများအား သေချာစွာပြုစုထားရန် အသိပေးမှာကြား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ လုပ်ငန်းရှင် ၃၀ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
