
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် မွန်းလိုက်ကုန်စုံဆိုင် အပါအဝင် ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ၂.၄.၂၀၂၆ နေ့ နံနက် (၁၀း၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဗူးသွပ်ဆီ၊ ဆပ်ပြာနှင့် အချိုရည်ဗူးများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ (ဥပမာ - ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် သုံးစွဲပုံညွှန်ကြားချက်) ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရန် ကြပ်မတ်စစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ကုန်စည်များ သို့မဟုတ် စားသုံးရန်မသင့်သော တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/ မရှိကို စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးအသိပညာပေးခြင်းကို စစ်ဆေးရေးမှူး ဦးဇော်မင်းမှ စဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
