
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်းများအား ရန်ကုန်မြို့မှ မှာယူရောင်းချကြကြောင်းသိရှိရပါသည်။ မိုးအကုန်နွေဦးရာသီတွင် အိမ်ဆောက်သူများ များပြားသဖြင့် အိမ်ဆောက်ပစ္စည်းသည် စျေးကွက်တွင် မရှိမဖြစ်လိုအပ်လာသောပစ္စည်းဖြစ်ပြီး ဒေသ စျေးကွက်အရောင်းသွက်လာလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းဖြစ်သော သွပ်၊ သံ၊ ဘိလပ်မြေ တို့ကို ရန်ကုန်မြို့မှ စက်လှေများဖြင့်သယ်ယူပြီး မြိတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ပြန်လည်ရောင်းချပေးလျက်ရှိပါသည်။ လက်ရှိတွင် သယ်ယူပို့ဆောင်မှုစရိတ် ကြီးမြှင့်လာမှုကြောင့် အိမ်ဆောက်ပစ္စည်းများ စျေးအနည်းငယ်မြှင့်တက်သွားကြောင်း သိရှိရပါသည်။
၂၀၂၆ခုနှစ်- ဧပြီလဒုတိယပတ်တွင် သုံးမူးသံလုံးတစ်လုံးလျှင် ၁၇၀၀၀ကျပ်၊ ခြောက်မူးသံလုံး တစ်လုံးလျှင် ၄၉၀၀၀ကျပ်၊ ငါးမူးသံလုံးတစ်လုံးလျှင် ၂၈၀၀၀ကျပ်၊ သွပ်ပထမတန်းစား တစ်ပေလျှင် ၄၅၀၀ကျပ်၊ ဒုတ်ယတန်းစားတစ်ပေလျှင် ၃၇၀၀ကျပ်၊ တတိယတန်းစားတစ်ပေလျှင် ၂၅၀၀ကျပ်နှင့် ဆင်တံဆိပ်ဘိလပ်မြေ တစ်အိတ်လျှင် ၄၀၀၀၀ကျပ်၊ အယ်လ်ဖာတံဆိပ်ဘိလပ်မြေတစ်အိတ်လျှင် ၃၈၀၀၀ကျပ်၊ ကြံ့တံဆိပ်ဘိလပ်မြေတစ်အိတ်လျှင် ၃၈၀၀၀ကျပ်ခန့် ရောင်းချနေကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
