Main menu

“ဆောင်းကြက်သွန်နီများဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

                   ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် တွင်(၉၁၃၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၅)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၅၅၃၇)ဧက ၊ စုစုပေါင်း(၂၈၁၈၉)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရပါသည် ။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး ၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း ၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း (၃၀) ကျော်ကုန်ကျ ကြောင်း ၊ ထွက်ရှိမှုအနေဖြင့် (၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း ၊ ကြက်သွန်နီ စျေးနှုန်းအနေဖြင့် တောဝယ်ဂျွန်(၁)ပိဿာလျှင်(၁၃၀၀/-)ကျပ် ၊ လက်လီစျေးအနေဖြင့် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ အလတ်(၁)ပိဿာလျှင် (၂၀၀၀/-)ကျပ် ၊ အသေး(၁)ပိဿာလျှင် (၁၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊  ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ် ပွဲရုံများသို့လည်း တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း ၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)