Main menu

မုံရွာမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိလာ

Powered by Drupal

                      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ဘုမ္မနိုး ကျေးရွာတွင် စိုက်ဧက (၁၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

                      ခရမ်းချဉ်စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့(၆)ထုပ်ကုန်ကျပြီး တစ်ထုပ်လျှင် ၃၇၀၀၀ ကျပ် နှုန်းဖြင့် ပေးဝယ်ရပါကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် တစ်လသားကျော် အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင် စနစ်ဖြင့်စိုက်ပျိုး၍ စိုက်ပျိုးပြီး နှစ်လအကြာတွင် အသီးများ စတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

                    အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို (၇)ရက်တစ်ပတ် တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ခရမ်းချဉ် ပိဿာချိန် ၄၀၀-၅၀၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွဲပြားမှုရှိကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် ခရမ်းချဉ်သီးနှံ အပါအဝင် အခြားသီးနှံများပါ မိုးများ၍ ပိုးကျကာ သီးနှံများ ပျက်စီးဆုံးရှုံးမှုများသော်လည်း ခရမ်းချဉ်သီး ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိပါကြောင်း ၊ယခု ဧပြီလ တတိယပတ်တွင် ဈေးနှုန်း ဈေးကွက်အနေဖြင့် ခရမ်းချဉ်သီး ဗြွန်လက်ကားဈေး တစ်ပိဿာလျှင် ၂၀၀၀-၂၈၀၀ ကျပ် ၊ လက်လီတစ်ပိဿာလျှင်  ၃၅၀၀ -၄၀၀၀ ကျပ် နှုန်းဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချမှုများအပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့၊ ကုန်စိမ်းဒိုင်များသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၆၀   သိန်းကျော် ခန့်ရရှိပြီး  ‌ ‌ဒေသထွက်ခရမ်းချဉ်သီးများ ၊ အောင်ပန်း၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)