Main menu

ပခုက္ကူမြို့ပေါ်တွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် မြေပဲဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ လည်ပတ်လုပ်ကိုင်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်းဆီစက်/ဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပြီး အမှတ်()ရပ်ကွက်ရှိမြန်မာ့ရိုးရာမြေပဲဆုံဆီလုပ်ငန်းရှင်မှ မြေပဲဆုံဆီ လုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (/)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊  ယခင်ကထက် တိုးချဲ့၍ ဆုံ()လုံးတွဲဖြင့် ကြိတ်ခွဲနေရကြောင်း၊ မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ တစ်နေ့လျှင် (၂၅)ပိဿာဝင် မြေပဲအိတ်(/)အိတ်ခန့် ကြိတ်ခွဲရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများ ခေါ်ပြီး ပဲရွေးသန့်စင်ကြောင်း၊ လုပ်သားဦးရေ()ဦး ရှိပြီး လုပ်သားခမှာ ကျားတစ်ဦး ကျပ်(၁၀၀၀၀) မတစ်ဦး ကျပ်(၈၀၀၀)ပေးကြောင်း၊ ဆုံဆီ၏ အရည်အသွေးကိုလည်း အာမခံကြောင်း၊ မြေပဲဆံကို နဝလီ အငှားမကြိတ်ဘဲမြန်မာ့ရိုးရာအမှတ်တံဆပ်ဖြင့်သာ (///၁၀)ပိဿာဝင်ဘူးဖြင့် ရောင်းချကြောင်း၊ ကုန်ကြမ်း မြေပဲဆံကို မြို့ပေါ်ရှိ မြေပဲပွဲရုံများနှင့် ပခုက္ကူနယ်ရှိ ကိုင်း၊ အင်ပင်၊ ချောက်ကန်ကျေးရွာ၊ ညောင်ဦးနယ်ရှိ ပျော့ကန်၊ ငါ့သရောက် ကျေးရွာမှ တောင်သူများက အိမ်သို့ လာရောက်ရောင်းချကြောင်း၊ မြေပဲလုံးဆန်ကို တစ်ပိဿာ ကျပ်(၁၂၅၀၀- ၁၂၇၀၀) ဖြင့်ဝယ်ယူ ရကြောင်း၊ မြေပဲဆုံဆီတစ်ပိဿာ ကျပ်(၂၄၀၀၀)ဖြင့် ရောင်းချ၍ ပဲဖတ်တစ်ပိဿာကို ကျပ်(၇၆၀၀) ဖြင့် ပွဲစားများက အိမ်သို့ လာရောက် ဝယ်ယူကြောင်း၊ ()ဆုံကို ()နာရီ မှ (:၃၀)နာရီ ခန့်ကြာပြီး တစ်နေ့လျှင် ဆုံ()လုံးဖြင့် ကြိတ်ခွဲရာ အရေအတွက်မှာ (၂၅-၃၀)ဆုံခန့် ပြီးကြောင်း၊ မြေပဲဆုံဆီ လုပ်ငန်း အနေဖြင့် ယခုနှစ်သည် ပိုမို တွင်ကျယ်စွာ ကြိတ်ခွဲ လုပ်ကိုင်ရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့မဈေး၊ ကုန်စုံဆိုင်နှင့် စူပါမားကတ်များ၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်မြို့များသို့ အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း လုပ်ငန်းရှင်းဦးဖိုးဆယ်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)