စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ ဈေးကြီးအနီး ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ် ကျွဲခေါင်းသီများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကျွဲခေါင်းသီးပင်သည် ရေတွင်ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်ပြီး အသီးသာမက အရွက်အနုများကို ပြုတ်၍သုတ်စားနိုင်ကြောင်း၊ ခူးဆွတ်ရာတွင် လှေဖြင့် ခူးဆွတ်ရကြောင်း၊ ကျွဲခေါင်းသီးကို ပြုတ်၍စားသုံးရပြီး စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသကဲ့သို့ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အလွန်အကျွံမစားသင့်ကြောင်းနှင့် တွဲဖက်၍မစားသုံးသင့်သော အစားအစာများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။
ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသော ကျွဲခေါင်းသီးများသည် ဒေသတွင်းဖြစ်သည့် ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်တို့နှင့် မန္တလေးမြို့မှမှာယူရောင်းချခြင်းဖြစ်ပြီး ရောင်းဈေးအနေဖြင့် တစ်ပြည်လျှင် လက်လီ (၁၈၀ဝိ/-)နှင့် လက်ကား(၁၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးသည်တစ်ဦးအနေဖြင့် တစ်ရက်လျှင် ပြည်(၂၀)နှင့်(၃၀)ကြားရောင်းချရသဖြင့် လုပ်သားတစ်ဦး နေ့တွက်လုပ်အားခလောက်တော့ အကျိုးအမြတ်ရရှိကြောင်း ကျွဲခေါင်းသီးရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)