Main menu

ယခင်နှစ်ထက်စျေးနှုန်းမြင့်တက်နေသော ပုသိမ်ကောက်ညှင်းဆန်စျေးကွက်

Powered by Drupal

    မြန်မာ့ရိုးရာသရေစာမုန့်အများစုတွင် ပါ၀င်လျက်ရှိပြီး ပြည်တွင်းစျေးကွက်ခိုင်မာလျက်ရှိသော ကောက်ညှင်းဆန်စျေးနှုန်းမှာ ပုသိမ်စျေးကွက်တွင် ယခင်နှစ်ထက် စျေး ( ၂ )ဆနီးပါး မြင့်တက်လျက်ရှိကြောင်း ယခင်နှစ် ကောက်ညှင်းစပါးတင်း ၁၀၀ လျှင် ကျပ်( ၉ )သိန်း /( ၁၀ )သိန်း၀န်းကျင်နှင့် ကောက်ညှင်းဆန်( ၁ )အိတ်လျှင် ကျပ် ၄၀၀၀ဝိ/၄၁၀၀ဝိ စျေးသာရှိသော်လည်း ယခုနှစ် ကောက်ညှင်းစပါးစျေးမှာ တင်း ( ၁၀၀ )လျှင် ကျပ်သိန်းနှစ်ဆယ်၀န်းကျင်နှင့် ကောက်ညှင်းဆန်( ၁ )အိတ်လျှင် ကျပ် ၉၀၀၀ဝိ/၉၁၀၀ဝိ စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးကွက်မှ သိရသည်။

     ကောက်ညှင်းစပါးမှာ အောက်တိုဘာလအတွင်း စျေးကွက်သို့၀င်ရောက်လျက်ရှိပြီး ပုသိမ်မြို့နယ်နှင့် ရေကျနောက်စိုက် ငပုတော၊ သာပေါင်းမြို့နယ်များမှလည်း လာရောက်ရောင်းချမှုရှိကြောင်း ကောက်ညှင်းစပါးကို နှစ်ပတ်လည် သိုလှောင်ပြီး ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ အထက်အညာဒေသများနှင့် ရန်ကုန်စျေးကွက်သို့ လစဉ် မှာယူသလောက်ကြိတ်ခွဲ၍ တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ကောက်ညှင်းဆန်ကို အဓိကရောင်း၀ယ်လျက်ရှိသော ကုန်သည်ထံမှ သိရသည်။

DOCA(ဧရာဝတီ)