ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်းတို့အပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကိုလည်း စိုက်ပျိုးခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်၊ မြေပဲ(မိုး)စိုက်ဧကမှာ(၅၇၀၈)ဧကခန့်ဖြစ်ပြီး ယခင် ၂၀၂၁ ခုနှစ်၊ မြေပဲ(မိုး)စိုက်ဧကမှာ(၈၈၁၄)ဧကခန့် ဖြစ်ပါသည်။ ပြည်နယ်အတွင်းထွက်ရှိသော မြေပဲများကို ပြည်နယ်အတွင်း ကြိတ်ခွဲစားသုံးလျက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ ပြည်နယ်အတွင်းကြိတ်ခွဲရရှိသော မြေပဲဆီများကို တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ယခင် ၂၀၂၁ ခုနှစ်တွင် မြေပဲဆီတစ်ပိဿာလျှင် (၉၀၀၀)ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဆီစက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။
ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ကြည့်လျှင် မြေပဲ(မိုး)စိုက်ဧက(၃၁၀၆)ဧကခန့် လျော့နည်း စိုက်ပျိုးလာပြီး ဈေးနှုန်းအနေဖြင့်(၂၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါ သည်။ မြေပဲ(မိုး)စိုက်ဧကလျော့နည်းလာပြီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသအခြေအနေအရ တောင်သူများစိုက်ပျိုးရာသီချိန်တွင် အချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစုများ ဈေးနှုန်းကြီးမြင့်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်မိပါသည်။
DOCA(ကယား)