Main menu

ဈေးနှုန်း (၃)ဆတက် ရှမ်းတောင်မြင့် ကော်ဖီဈေးကွက်

Powered by Drupal

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ကော်ဖီသီးများရင့်မှည့်ချိန် နိုဝင်ဘာလမှ မတ်လအထိ ခူးဆွတ်၍ ဈေးကွက်တင် ကုန်ချောများထုတ်လုပ်နေချိန်ဖြစ်ပါသည်။

          ယခင်နှစ်များတွင် ကော်ဖီစေ့များ ထုတ်လုပ်ပြီးချိန် နှစ်စဉ်ဧပြီလမှ စတင်ကာ နိုဝင်ဘာလအထိ ကာလအတွင်း ပြည်ပသို့ တင်ပို့ရောင်းချနေကြပါသည်။ ယခုနှစ်တွင် ကော်ဖီသီးခူးဆွတ်ချိန်ဖြစ်သည့် နိုဝင်ဘာလအတွင်းမှာပင် ထိုင်းနိုင်ငံမှ ဝယ်လက်များမှ ဒေသအရောက် ကွင်းဆင်းဝယ်ယူနေမှုကြောင့် ဈေးတက်၊ ရောင်းသွက်လျှက်ရှိပါသည်။ ယမန်နှစ်တွင် ကော်ဖီရာသီအစတွင် ကော်ဖီစေ့ တစ်ပိဿာလျှင် ၈၀၀ ကျပ်ရှိခဲ့ရာမှ ယခုနှစ်ရာသီအစမှာပင် ကော်ဖီစေ့ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေမှုကြောင့် ဈေးနှုန်း(၃)ဆကျော် တိုးတက်ရရှိနေကြောင်း ကော်ဖီဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)