Main menu

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

          ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဒီဇင်ဘာလ ပထမပတ်အတွင်း နှမ်းနက်တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၈၁၅၀ဝိ/-)နှင့် အမြင့်ဈေး(၈၅၀၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီးအရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀၀)တင်း/(၃၆၇)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူတွင် နှမ်းဖြူနှင့် နှမ်းနက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှမ်းနက်အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် (၇၂၀၀)တင်း/(၁၇၆)တန် ပို၍အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်အနေဖြင့် မန္တလေးဈေးကွက်ကို အခြေခံ၍ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရရှိသည့်သီးနှံများကို ပြန်လည်သိုလှောင်ခြင်းနှင့် မန္တေလေးဈေးကွက်သို့ ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်ကြောင်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)