Main menu

ညောင်ဦးမြို့နယ်၏ နွေစပါးစိုက်ပျိုးမှု

Powered by Drupal

             ညောင်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးကိုစိုက်ပျိုးရန် လျားထားမှုအနေဖြင့်(၅၁၁)ဧက ရှိပြီး၊ မျိုးကွဲအလိုက်စိုက်ပျိုးပြီးစီးမှုအနေဖြင့် မနောသုခ(၇၈)ဧက၊ ဆင်းသုခ(၁၃၂)ဧက၊ GW-11 (၁၀)ဧက၊ စုစုပေါင်း(၂၂၀)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။

          နွေစပါးကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းမှုစတင်ရိတ်သိမ်းကြကြောင်း၊ ညောင်ဦးမြို့နယ်ရှိ မြစ်ရေတင်(၃)ခုဖြစ်သော လက်ပံခြေပေါ်၊ ငါးသရောက်၊ သူကောင်းတည် စသည့်မြစ်ရေတင်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ စပါးမျိုးများအနေဖြင့် မနောသုခ၊ ဆင်းသုခ၊ GW-11 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ နှင့် ရေသွင်းခအပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ(၈၅)တင်းခန့်ထွက်ရှိခဲ့ပြီး စပါးတစ်တင်းလျှင်(၂၅၀၀၀)ကျပ်နှုန်း ရှိခဲ့ရာ အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ စပါးအထွက်နှုန်းနှင့် ဈေးနှုန်းဈေးကွက်ကောင်းလျှင် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း လက်ပံခြေပေါ်ကျေးရွာရှိ စပါးစိုက်တောင်သူများထံမှ သိရသည်။

DOCA(မန္တလေး)