Main menu

ကန့်ဘလူမြို့ပန်းဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂန္ဓမာပန်း၊ သပြေပန်းဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ သစ္စာပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၆ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ရေဦးဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၂၀၀၀)ကျပ်၊ (၃)စီးလျှင် (၅၀၀၀)ကျပ်၊ ဒေသထွက်ဂန္ဓမာပန်း(၁)စီးလျှင် (၁၀၀၀)ကျပ်၊ သပြေပန်းငုတ်(၁)ငုတ်လျှင် (၂၀၀၀)ကျပ်၊ (၁)စီးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုနောက်ဆုံးပတ်အတွင်း ဂန္ဓမာပန်း(၁)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ယခုအခါ မိုးဦးရာသီ ရောက်လာသည့်အတွက် မိုးရွာသွန်းမှုကြောင့် အပင်များပျက်စီးမှုရှိလာခြင်းနှင့် ရေသွင်းစရိတ် ကျဆင်းသွားခြင်းကြောင့်  ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခြင်းဖြစ်ကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)