
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှူ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ (၂၆)ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ၊ ဝန်ထမ်း(၂)ဦးတို့သည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု (၃)ချက်မှ အစားအသောက်များအား ပြုပြင်ရောင်းချသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်မှု၊ ထားသိုသိမ်းဆည်းမှုများတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိနှင့် အခြားမည်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက်များ ကိုင်တွယ်ချက်ပြုတ်မှု အသား/ ငါးများနှင့် အသီးအရွက်များကို သန့်ရှင်းလတ်ဆတ်စွာထားရှိမှု၊ ဆိုင်ဝန်ထမ်းများနှင့် ချက်ပြုတ်လုပ်ကိုင်သူများကို ကျန်းမာရေးဆေးစစ်ထားရှိခြင်းဖြင့် စားသုံးသူပြည်သူများ၏ ကျန်မာရေးအတွက် အကာအကွယ်ပေးထားခြင်းနှင့် မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ White Book ပေါ်တွင် ရေးသား၍ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန်အတွက် ယခုကဲ့သို့ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန် ညွှန်ကြားမှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
