
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၆) ကို (၂၈.၅.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးအောင်ဇော်ဦးက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အနေနဲ့ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့တာကို သိရှိရပါကြောင်း၊ ယခု ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ဖို့လိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများက စားသုံးသူအခွင့်အရေး(၈)ချက်ပါ မူလရပိုင်ခွင့်များ အပြည့်အဝရရှိနိုင်ရေးအတွက် စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများနဲ့ စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားတတ်စေဖို့၊ တိုင်ကြားလာတဲ့အခါများတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့လိုအပ်လျင် စီးပွားရေးလုပ်ငန်းရှင်များကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူပြီးစားသုံးသူနစ်နာမှုကို ကုစားပေးဖို့လိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အခြေခိုင်မာစွာ ထိရောက်အောင်ဆောင်ရွက်၍ ရလဒ်ကောင်းများ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အနှစ်သာရရှိရှိဖော်ထုတ် ဆွေးနွေးပေးကြဖို့နဲ့ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါနဲ့ အချိန်ပေးပြီးမိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ယခင်အစည်းအဝေး(၂/၂၀၂၆) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ မေလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းသိကောင်းစရာ အကျဉ်းချုပ်ကို စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်ကလည်းကောင်း၊ စားသုံးသူရေးရာကော်မတီသို့တင်ပြသည့်အမှာစာများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ကော်မတီဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
