Main menu

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

          ရွှေဘိုခရိုင်တွင် မေလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၅၇၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ၊ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

        ယခုမေလ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၁၃၉၃၂)အိတ်၊ မန္တလေးသို့ (၄၇၇၈) အိတ်၊ နေပြည်တော်သို့ (၂၀၀) အိတ်၊ ပဲခူးသို့ (၁၈၁၅)အိတ်၊ ပြည်သို့ (၃၃၅)အိတ်၊ တောင်ငူသို့ (၂၅၀)အိတ်၊ ကျောက်ပန်းတောင်းသို့ (၃၉၅)အိတ်၊ မိတ္ထီလာသို့ (၈၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၅၈၀)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၄၇၂၃)အိတ်၊ မွန်ပြည်နယ်သို့ (၃၇၃၀)အိတ်၊မူဆယ်သို့ (၈၅)အိတ်၊ ဧရာဝတီတိုင်းသို့ (၂၃၀)အိတ်၊ မကွေးတိုင်းသို့(၅၀)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၀)အိတ်၊ ကချင်ပြည်နယ်သို့ (၈၄၅) စုစုပေါင်း အိတ်ရေ (၃၂၁၆၈)၊ တန်အားဖြင့် (၁၆၀၈)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)