Main menu

မေလအတွင်း Consumer Call Center (1535)သို့ ခေါ်ဆိုမေးမြန်ဆက်သွယ်မှု အခြေအနေများ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင်  လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃) တို့ကိုဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ကလေးခရိုင်မှ(၁)ကြိမ်၊ ကန့်ဘလူခရိုင်မှ(၁) ကြိမ်၊ စစ်ကိုင်းခရိုင်မှ (၁)ကြိမ်၊ မုံရွာခရိုင်မှ (၁)ကြိမ်၊  ရွှေဘိုခရိုင်မှ(၁)ကြိမ်၊ စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍သိရှိလိုသည်များကို လည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဥ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလအတွင်း  စုစုပေါင်း(၅)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)