
(၃.၆.၂၀၂၆ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ UNICORON အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည့် မုန့်တိုက်သို့ သွားရောက်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါက်တာထန်လမ်းဒိမ် (ခရိုင်ဦးစီးမှူး) မှ UNICORON မုန့်တိုက်အနေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းလိုင်စင်ရရှိနိုင်ရေးအတွက် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ရန်အတွက် မုန့်နမူနာများနှင့် လိုအပ်သော အထောက်အထားများကို ရယူခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း (ဒု−ဦးစီးမှူး) မှ မုန့်ထုပ်များပေါ်တွင် ကပ်နှိပ်ထားသည့် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိပြီး အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြထားသည့် အသားတင်အလေးချိန်အား ပြည့်မှီစွာချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀) ပါ “ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
