
မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊ စွန်တာနီပဲ များကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များမှလည်း ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းထွက် ရှိမှုမရှိ၍ ပဲနီလေးနှင့်စားတော်ပဲကို မန္တလေးမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
မိတ္ထီလာဈေးကွက်၌ ဇွန်လ ပထမပတ်တွင် ပဲလွန်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊ စွန်တာနီပဲ ပဲနီလေး၊စားတော်ပဲ၊ကုလားပဲခြမ်းဈေးနှုန်းများမှာ ပဲလွန်းပြာတစ်တင်းလျှင်(၆၅၀၀၀)ကျပ် ၊ ပဲလွမ်း ပြာတစ်ပြည်လျှင် (၄၅၀၀) ကျပ်၊ ပဲလိပ်ပြာ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲကြားတစ်တင်း လျှင် (၆၅၀၀၀) ကျပ်၊ ပဲကြားတစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ စွန်တာနီပဲတစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်၊ တစ် ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင်(၉၀၀၀)ကျပ် ၊ကုလားပဲခြမ်းတစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့်စားတော်ပဲတစ်တင်းလျှင်(၁၇၅၀၀၀)ကျပ်၊တစ်ပြည်လျှင်(၉၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊ စွန်တာနီပဲ၊ ပဲနီလေး၊ ကုလားပဲခြမ်းများမှာအရောင်းအဝယ်အေးသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ စားတော်ပဲတစ်တင်း လျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာ ရခြင်းမှာ ဈေးကွက် အဝင်နည်းလာခြင်းကြောင်ဖြစ်သည်ဟုသိရှိရပါသည်။
ပဲလွန်းပြာ၊စားတော်ပဲ၊ စွန်တာနီပဲကို ပဲပြုတ်လုပ်ငန်း၊ မုန့်လုပ်ငန်းများ၊ ပဲလိပ်ပြာနှင့် ပဲကြား ကို ပဲလှော်လုပ်ငန်း ပဲကြော်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြောင်းသိရပါသည်။
DOCA(မန္တလေး)
