
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသသည် စိုက်ပျိုးရေးကိုအခြေခံသော ဒေသတစ်ခု ဖြစ်ပြီး စိုက်ပျိုးသီးနှံမျိုးစုံထွက်ရှိလျက်ရှိပါသည်။ ယင်းသီးနှံများအနက် ကုလားအော်သီးသည် တန်ဖိုး မြင့် ဟင်းခတ်အမွှေးကြိုင်သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင် လည်း ဝယ်လိုအား ကောင်းမွန်သောသီးနှံတစ်မျိုးဖြစ်ပါသည်။
ကုလားအော်သီးနှံကို အေးမြပြီးမိုးရေချိန်လုံလောက်သော တောင်တန်းဒေသများဖြစ်သော အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံနှင့် တောင်ကြီးပတ်ဝန်းကျင်ဒေသများတွင် ကုလားအော်သီး (ငရုတ်သီး) စိုက်ပျိုးမှုကို တွေ့မြင်နိုင်ပါသည်။ ကုလားအော်ပင်သည် အရိပ်အာဝါသ ကောင်းသော ပတ်ဝန်းကျင် ကို နှစ်သက်သဖြင့် သစ်တောများအနီးတွင် စိုက်ပျိုးလေ့ရှိပါသည်။ ကုလားအော်သီးကို အခြောက် လှန်းပြီးနောက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။ ထို့ပြင် အစား အသောက် ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း အသုံးဝင် သဖြင့် ဝယ်လိုအားမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လျက် ရှိပါသည်။
ယခုအချိန်တွင် ကုလားအော်သီးခြောက်သည် တစ်ပိဿာလျှင် (၃၅၀၀၀-၃၈၀၀၀) ကျပ်ဖြင့် ဈေးကောင်းရရှိနေသော သီးနှံတစ်မျိုးဖြစ်ပြီး အရည်အသွေးကောင်းမွန်သောကြောင့် ပြည်ပနိုင်ငံများ သို့တင်ပို့ရောင်းချလျက်ရှိပါသည်။ အထူးသဖြင့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝယ်လိုအား မြင့် မားလျက်ရှိပါသည်။ ထို့ကြောင့် ကုလားအော်သီး(ငရုတ်သီး) သည် ရှမ်းပြည်နယ်ရှိ တောင်သူလယ် သမားများအတွက် ဝင်ငွေတိုးပွားစေသည့် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် အလားအလာကောင်းသော သီးနှံဖြစ်ကြောင်း သိရှိရ၍ ရေးသားတင်ပြအပ် ပါသည်။
DOCA(ရှမ်း)
