
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်တွင်း စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရောက် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိစေရေးကို ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၈.၆.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင်၊ မြို့နဘ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ရဲတပ်ဖွဲ့ နှင့်အတူ ပန်းတနော်မြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် အစားအသောက်ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ထုတ်ပြန်ချက် ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်း၊ ကုန်စည်များတွင် သက်ဆိုင်ရာခွင့်ပြုချက် ထောက်ခံချက်ပါရှိမှု ရှိမရှိစစ်ဆေးခြင်း၊ ဈေးကွက်အတွင်း စားသောက်ကုန်ပြတ်လပ်မှု ရှိ/မရှိစစ်ဆေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိမရှိစစ်ဆေးခြင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင်းလည်း သတ်မှတ်စည်ကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ကျော်သက်က ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
