Main menu

မွန်ပြည်နယ်တွင် ရာသီပေါ်ကြက်မောက်သီးများ စတင်ထွက်ရှိ

Powered by Drupal

          မွန်ပြည်နယ်အတွင်းရှိ ဥယျာဉ်ခြံများမှ ရာသီပေါ်ကြက်မောက်သီးများ မေလအတွင်း စတင်ထွက်ရှိလာပြီဖြစ်ကြောင်း ဒေသခံခြံရှင်များနှင့် သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များ ထံမှ သိရသည်။

          ကြက်မောက်သီးများကို မွန်ပြည်နယ်ရှိ မုဒုံ၊ ကျိုက်မရော၊ ဘီးလင်းနှင့် ရေးမြို့နယ် များတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင်း ရာသီဥတုပူပြင်းမှုရှိခဲ့သော်လည်း ဈေးကွက် ဝယ်လိုအား ကောင်းနေကြောင်း သိရသည်။

          ကြက်မောက်သီးသည် အရသာချိုမြိန်ပြီး ရေဓာတ်များစွာပါဝင်သည့် ရာသီပေါ် အသီးတစ်မျိုးဖြစ်သည့်အတွက် စားသုံးသူများကြား လူကြိုက်များလျက်ရှိကာ ယခုနှစ်တွင် လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။ လက်ရှိတွင် ကြက်မောက်သီး ဈေးနှုန်းမှာ အလုံးရေ (၅၀-၆၀) ပါတစ်စည်းလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ကြက်မောက်သီးသည် ဒူးရင်း၊ မင်းဂွတ်သီးတို့နှင့်အတူ ဒေသထွက် အဓိကရာသီပေါ်သီးနှံ တစ်မျိုးဖြစ်ပြီး ဒေသခံတောင်သူများအတွက် အပိုဝင်ငွေရရှိစေသည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

     DOCA (မွန်)