Main menu

“တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် နွားနို့၊ နွားနို့ခဲဈေးနှုန်း”

Powered by Drupal

                 ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ တံစိုးကျေးရွာတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အပြင် မွေးမြူရေးထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် နွားနို့၊ နွားနို့ခဲတို့ကိုလည်း တစ်ပိုင် တစ်နိုင် ထုတ်လုပ် ရောင်းချပြီး၊ နွားနို့အရည်တိုင်း ၁ လီတာဆန့် ရေသန့်ဗူးများနှင့်ထည့်၍ ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ခဲကိုလည်း ပြုလုပ်ရောင်းချကြကြောင်း၊ နွားနို့အား လီတာဆန့် ရေသန့်ဗူးများနှင့်ထည့်၍ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ခဲများ ပြုလုပ် ရောင်းချကြကြောင်း၊ နွားနို့ခဲပြုလုပ်ရာ၌ ရိုးရာဓလေ့အတိုင်းပြုလုပ်ပြီး ဓါတုဗေဒနည်း ဖြင့်ပြုလုပ် ခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုရှိကြောင်း၊ နွားနို့ခဲပြုလုပ်ပုံမှာ ဒေသတွင်း အလေ့ကျ ပေါက်ရောက်သည့် မရိုးစေးပင်ကိုအဓိကထား အသုံးပြုရာ ဦးစွာနွားနို့ကျို ချက်မည့် အိုးကိုမရိုးစေးဖြင့် သုတ်လိမ်းပြီး နွားနို့ကိုမရိုးစေးရွက်ဖြင့် ရောကာအိုးအတွင်း ထည့်ကျိုချက်ကာ မရိုးစေးပင်အရိုးဖြင့် ပြစ်လာသည်အထိ အဆက်မပြတ်မွှေပေးရကြောင်း၊ ၎င်းနောက် နွားနို့ရည် ပြစ်ခဲလာသည့်အခါ ခွက်ဖြင့်ထည့်၍ အအေးခံပြီးပါက နွားနို့ခဲရရှိကြောင်း၊ နွားနို့အရည် ၁လီတာအား ကြိုချက်ပြီး နွားနို့ခဲများပြုလုပ်ရာ (၁၀)ကျပ်သားခန့် ရရှိကြောင်း၊ဒေသတွင်း တစ်ပိုင်တစ်နိုင်အနေဖြင့် ထုတ်လုပ်သော နွားနို့ရည်၊ နွားနို့ခဲကို အေးမြကြည်လင်ဈေး၊ မြို့မဈေးများသို့ သွားရောက်ရောင်းချ ကြရာ နွားနို့ ၁ လီတာတစ်ဗူးလျှင် (၂၀၀၀/-)ကျပ်၊ နွားနို့ခဲ (၂၅)ကျပ်သားလျှင် (၃၀၀၀/-)ကျပ် တို့ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)