
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေးကြီးနှင့်ဈေးလေးများ၊ အခွန် လွတ်ဈေးလေးများတွင် ဗူးသီးနှင့် ဆူးပုတ်ရွက်စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များ အရောင်း သွက်လျက်ရှိပြီး မိမိဒေသ ထွက်ဖြစ်ပြီး ဈေးသင့်၍လတ်ဆတ် သောကြောင့်ဝယ်ယူစားသုံးနေကြပါ သည်။ သီးနှံများကို သရက်မြို့နယ်ရှိအနီးအနားရှိ ကံသာစု၊ မြင်ဘာခြံ၊ ခြံကြီးစု၊ ထုံးတောင်၊ မီးသွေးဖုတ်၊ ရေပေါ်ကျွန်းကျေးရွာနှင့် စိုက်ပျိုးရေးကျွန်းများမှ မြို့ပေါ်ရှိဈေးကွက်အတွင်း လာရောက် ရောင်းချ ကြပါသည်။
၂၀၂၆ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ဗူးသီးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြင့်ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး ယခု(ဒုတိယပတ်)တွင် ကျပ်(၂၅၀၀)ဖြင့် အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိရာ (ဒုတိယပတ်)တွင် ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းခဲ့ပါသည်။ စိုက်ပျိုးသည့်ခြံများမှ အထွက်နှုန်းများတိုး လာပြီး ဝယ်ယူ စားသုံးသူများမှာလည်း ဈေးသင့်၍လတ်ဆတ်သောဗူးသီးများကို နှစ်ခြိုက်စွာဝယ်ယူ အားပေးကြကြောင်းသိရသည်။ ဆူးပုတ်ရွက်မှာလည်း ဇွန်လ(ပထမပတ်)တွင်(၁၀)ကျပ်သားလျှင် ကျပ် (၁၀၀၀)ရှိခဲ့ပြီး ယခု(ဒုတိယပတ်)တွင် ကျပ်(၈၀၀)ဖြင့်ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိရာ (ဒုတိယပတ်)တွင် ကျပ်(၂၀၀)ဈေးနှုန်း ကျဆင်းခဲ့ပါသည်။ စားသုံးသူများမှာလည်း ဈေးကွက်အတွင်း ဝယ်လိုအား များခြင်းတို့ကြောင့် စိုက်ပျိုးရောင်းချသူများမှာလည်း အဆင်ပြေပြီးအကျိုးရှိသော စားဖို ဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိပါကြောင်း သီးနှံစိုက်ပျိုးရောင်းချသူဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)
