Main menu

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         ရွှေဘိုခရိုင်တွင် ဇွန်လ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၅၇၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ၂၀၂၆ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၂၅၀၁၄)အိတ်၊ မန္တလေးသို့ (၆၀၀၄) အိတ်၊ နေပြည်တော်သို့ (၉၇၀) အိတ်၊ ပဲခူးသို့ (၁၅၇၀)အိတ်၊ ပြည်သို့ (၂၀၄)အိတ်၊ တောင်ငူသို့ (၆၀)အိတ်၊ ကျောက်ပန်းတောင်းသို့ (၁၀၀)အိတ်၊ မိတ္ထီလာသို့ (၁၁၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၁၄၅၀)အိတ်၊ မြဝတီသို့ (၃၁၀)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၄၄၉၉)အိတ်၊ မွန်ပြည်နယ်သို့ (၁၆၈၀)အိတ်၊မူဆယ်သို့ (၂၂၀)အိတ်၊ မကွေးတိုင်းသို့(၅၅၈)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၉၀)၊  စုစုပေါင်း အိတ်ရေ (၄၃၈၃၉)၊ တန်အားဖြင့် (၂၁၉၂)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)