ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၉၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၁၂၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၆၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၀၀၀ မှ ၄၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၀၀၀ မှ ၄၄၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၇၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၅၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၇၀၀ မှ ၁၆၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၇၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀မှ ၇၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၈၅၄၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၈၁၂၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၇၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၇၇၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၉၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၉၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၁၇၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၃၄၈၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။
DOCA(ရန်ကုန်)