
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှု ရှိ/မရှိစုံစမ်းစစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် QR Code စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား ဝှီးတက်ပြသောစနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/ မရှိ၊ စုံ၊ မ ရက်အလိုက် ရောင်းချပေးခြင်း ရှိ/ မရှိ၊ ပုံး၊ ပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/ မရှိ နှင့် စက်သုံးဆီရောင်းဆိုင်များအနေဖြင့် 92-95 ဆီများအနည်းငယ်ပြတ်တောက်၍ ရက်ခြား ဆီဆိုင်များမှ ဆီဝင်ရောက်သည်နှင့် ပြည်သူများထံ ပုံမှန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နေ့စဉ် သတ်မှတ်အချိန်အတိုင်း ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန် သိုလှောင်ကန်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
