မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် (မိုး) ကြက်သွန်နှင့်(ဆောင်း)ကြက်သွန်များစိုက်ပျိုးလျက်ရှိပါသည်။ (မိုး)ကြက်သွန်များအား ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ထွက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ယခင်နှစ်တွင်(၁၅၀)ဧကသာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် (၂၁၇၃)ဧကစိုက်ပျိုးခဲ့ပါသည်။(ဆောင်း)ကြက်သွန်များအား စက်တင်ဘာလတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းလျက်ရှိပါသည်။စိုက်ပျိုး မှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၄၇၀၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၈)ဧက နှင့် မြစ်သား မြို့နယ်တွင်(၁၁၀၅၁)ဧက၊ စုစုပေါင်း(၁၉၂၇၁)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရသိရှိရပါသည်။ ကြက်သွန်စိုက်ပျိုးမှုအနေဖြင့် တစ်ဧက ကုန်ကျစရိတ်မှာ(၁၈၀၀၀၀၀/-)ကျပ် ခန့်အထိကုန်ကျပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ပျမ်းမျှ(၂၄၀၀)ပိဿာအထိ ထွက်ရှိပါသည် ။ ယခင်နှစ် ပေါ်ဦးပေါ်စတွင် ကြက်သွန်စျေးနှုန်းမှာ တစ်ပိဿာလျှင် အကြီး(၅၀၀/-)ကျပ် ၊ အလတ် (၄၀၀/-)ကျပ်၊ အသေး(၃၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းချရပြီး တောင်သူများအကျိုးအမြတ် နည်းပါးခဲ့ပါသည်။ယခုနှစ် ကြက်သွန်စျေးနှုန်းမှာ တစ်ပိဿာလျှင် အကြီး(၄၀၀၀/-)ကျပ် ၊ အလတ် (၃၇၀၀/-)ကျပ်၊ အသေး(၃၄၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ကြက်သွန်နီ စီးဆင်းမှုအနေဖြင့် ရန်ကုန်၊မန္တလေးနှင့်မြဝတီမြို့များသို့အများဆုံးတင်ပို့လျှက်ရှိပြီး ကြက်သွန်နီများ စျေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဟုမျှော်လင့် ရကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)