Main menu

စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာ‌‌ရေးအဖွဲ့တို့ပူး‌ပေါင်း၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသေ ာစားသုံးဆီ(ဘူးဆီ)များအား စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Duck၊ Lotus၊ Mezenအမှတ်တံဆိပ် စားသုံးဆီ(ဘူးဆီ)များ၏ထုတ်ကုန်အမည်၊ အမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ ထုတ်လုပ်/တင်သွင်းခွင့်ဆိုင်ရာ အချက်အလက်များနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိတို့အား စိစစ်ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို စစ်ဆေးမှတ်တမ်းတွင်စနစ်တကျ မှတ်တမ်းတင်ထားရှိခဲ့ပါသည်။ စားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီပြီးဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရေးနှင့် ဈေးကွက်အတွင်း စံချိန်စံညွှန်းနှင့် ကိုက်ညီသော ကုန်ပစ္စည်းများသာ ဖြန့်ဖြူးရောင်းချနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆက်လက်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)