Main menu

“ရက်(၁၀၀)ခိုင် အောင်သပြေပန်းများစျေးကောင်းရရှိ”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်းကိုးခရိုင်တွင် တစ်ခုပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့်ရှေးယခင်ကတည်းက စပါး၊ပဲ၊ပြောင်းနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံနှင့် ပန်းမာလ်များအားစိုက်ပျိုးခဲ့ကြပါသည် ။ ၄င်းသီးနှံများအနက်မှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နေ့စဉ် မိသားစု အပိုဝင်ငွေများရရှိနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် အောင်သပြေပန်းငုတ်များကို ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာအုပ်စု၊ ညွန့်ပင်ကျေးရွာ(အောင်သပြေမိသားစုခြံ)တွင် စိုက်ပျိုး ထားသော အောင်သပြေငုတ်စိုက်ပျိုးထားရှိမှုအားကွင်းဆင်းလေ့လာခဲ့ပါသည်။ သပြေပင်စိုက်ပျိုးရန် အတွက် သပြေပင်မျိုးစေ့များအား တွံတေး၊ခရမ်းသုံးခွတို့မှ ဝယ်ယူ၍စိုက်ပျိုးကြောင်း၊မျိုးစေ့(၁)ပြည် စျေးနှုန်းမှာ(၇၀၀-၈၀၀)ကျပ်ခန့်ရှိကြောင်း၊ မျိုးစေ့တစ်ပြည်တွင် အစေ့သန်ပါက အစေ့ပေါင်း(၂၀၀၀)အထိ ပါရှိပြီး အစေ့သေးပါက(၂၀၀၀)အထက် ပါရှိကြောင်း ၊ တစ်ဧကစိုက်ပျိုးမှုအတွက် မျိုးစေ့ပြည်(၈၀) ခန့်ကုန်ကျပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၂၅)သိန်းခန့်ကုန်ကျ ကြောင်း ၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ဧက အပင်ပေါင်း(၁)သိန်းခွဲအထိ ရှင်သန်ကြောင်း ၊ မြေပြုပြင်မှု နှင့် ရေ၊မြေ အပြုအစုကောင်းပါက စိုက်ပျိုးပြီး(၂)လခွဲသား ဝန်းကျင် တွင်အပင်များကိုဖြတ်တောတ်ပြီးငုတ်ချန်ပေးရကြောင်း၊ငုတ်ချန်ပြီးတစ်နှစ်ကြာလျှင်ရောင်းတန်းဝင် ပန်းများရရှိကြောင်း၊ သပြေပန်းများ ပိုးမကိုက်၊ အညွန့်များလှအောင်၊ အရွက်မာအောင်၊ မရောင်းခင် တစ်လအလိုတွင်ဆေးဖြန်းပေးရကြောင်း၊(၁)နှစ်သား အောင်သပြေငုတ် တစ်ငုတ်လျှင်အရွယ်အစား ပေါ်မူတည်၍ တစ်ပင်စျေးနှုန်း(၅၀၀/-)ကျပ်မှ(၁၅၀၀/-)ကျပ်အထိရောင်းချရကြောင်း ၊ (၂)နှစ်သား တစ်ပင်လျှင် အရွယ်အစားပေါ်မူတည်၍ တစ်ပင်စျေးနှုန်း(၃၀၀၀/-)ကျပ် မှ (၅၀၀၀/-)ကျပ်အထိ ရောင်းချရကြောင်း၊ လက်ကားစျေးနှုန်းအနေဖြင့် ၂၀ရာခိုင်နှုန်းလျော့၍ ရောင်းချပေးကြောင်းသိရှိရ ပါသည်။အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင်သက်တမ်း(၃)နှစ်အထက်ထိ ရောင်းချပေးနိုင် ကြောင်း၊ပန်းများကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို နယ်ဝေးမှ မှာယူပါကလည်း သေချာစွာထုတ်ပိုး၍ ကားဂိတ်အရောက် တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊ အောင်သပြေငုတ် စိုက်ပျိုးမှုတွင် ငွေအလုံးအရင်းမရရှိသော်လည်း နေ့စဉ်အပိုဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေးပြေလည်ကြောင်း၊ ရေရှည်အနေဖြင့် စိုက်ပျိုးသင့်သော အောင်သပြေပန်းငုတ် များကိုစိုက်ပျိုးရောင်းချသင့်ကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)