
၃၀-၆-၂၀၂၆ ရက်နေ့တွင် ဒေးဒရဲမြို့နယ်၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို စိတ်ချလက်ချ စားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်များ၌ ရောင်းချလျက်ရှိသော အစားအသောက်များ၏ သန့်ရှင်းမှု၊ အစားအသောက်ပြင်ဆင်ရာတွင် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များသာရောင်းချရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အလေးထားကာ သန့်ရှင်းသပ်ရပ်သော စားသောက်ဆိုင်ပတ်ဝန်းကျင် ဖန်တီးထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
