
ဖျာပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကျန်းမာရေး အသိပညာ ပေးဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေ ပြဌာန်းချက်နှင့် စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုစပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများတိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်ကြားနိုင်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မည်သို့သောပုဂ္ဂိုလ်တွေက်တိုင်ကြားခွင့်နှင့် မည်သို့မည်ပုံ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ညှိနှိုင်းဖြေရှင်းရာတွင် အဓိကအားဖြင့် အချက်(၇)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
