Main menu

စားသုံးဆီများနှင့် ဘူးသွပ်ဆီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ(ဘူးဆီ)များ၊ စားအုန်းဆီရောင်းချသောဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၅-၆-၂၀၂၆ ရက်နေ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ် လက်လီဆိုင် (၂၅)ဆိုင်နှင့် ဘူးဆီရောင်းချသော ဆိုင် ၆ဆိုင်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဘူးဆီရောင်းချသော ဆိုင်များတွင် ကုန်ပစ္စည်းအမည်၊ အမျိုးအစား၊ ထုတ်လုပ်/တင်သွင်းခွင့် အချက်အလက်နှင့် သတ်မှတ်ချက်များ ပြည့်စုံမှုရှိမရှိ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စစ်ဆေးခြင်း၊ ဘူးသွပ်ဆီများတွင် သုံးစွဲရန်သင့်လျော်ကြောင်း FDA ထောက်ခံချက်အမှတ်ပါဝင်ခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီလက်လီဆိုင်များကို စစ်ဆေးရာ အခြေခံစားသုံးသူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် အစိုးရမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို စားသုံးသူများထံ အမှန်တကယ် တိုက်ရိုက်ရောင်းချခြင်း ရှိ/ မရှိ မြေပြင်တွင် လိုက်လံစစ်ဆေးခြင်း၊ ဆီများကို သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့မဟုတ်) မမှန်မကန် ဈေးကစားခြင်းများမရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များအား ပြင်ပဆီဈေးနှုန်းရောင်းချမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ဈေးနှုန်းအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပြီး လုပ်ငန်းရှင်များမှ သတ်မှတ်ချက်များအတိုင်း ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)