Main menu

ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်  ၄.၇.၂၀၂၆ ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ရေကျော် City Mart ရှိ ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာပြည့်စုံစွာ ပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရေကျော် City Mart တွင် ရောင်းချနေသော ဘူးသွပ်ဆီအမှတ်တံဆိပ်များမှာ ငွေသဇင်မင်း (ရာနှုန်းပြည့်မြေပဲဆီသန့်)၊ ရွှေ(ပဲဆီသန့်)၊ ကောင်းမှကောင်း (မြေပဲဆီ)၊ သူကြီးကတော် (မြေပဲဆီ)၊ မေဇင်(မြေပဲဆီ)၊ ဇဗ္ဗူအေး(ရာနှုန်းပြည့်မြေပဲ ဆီစစ်စစ်)၊ Peanut Oil (မြေပဲဆီ)၊ အမေထွား (မြေပဲဆီ) များမှာ ဥပဒေပါအခန်း(၁၈)တွင် ဖော်ပြထားသောကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  ထိုနောက် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) က စားသုံးဆီအမှတ်တံဆိပ်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်မပြည့်စုံသောကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)