
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့် အထက် ဆန်စက်အလုံးရေ (၂၁)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ၂၀၂၆ ခုနှစ် ဇွန်လ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၂၁၉၅၆ အိတ်၊ တန်အားဖြင့် ၁၁၀ တန်နှင့် ဆန်ကွဲအနေဖြင့် ၇၇၀၄ အိတ်၊ တန်အားဖြင့် ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှုထက် ဆန် ၁၀၄ အိတ် ပိုမိုတင်ပို့ကြောင်း၊ ဆန်ကွဲ အိတ် ၂၉၉၅ အိတ် လျောနည်းတင်ပိုခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်မှ ဇွန်လအတွင်း ဆန်တင်ပို့မှု ၂၇၈၆၅ နှင့် ကားအစီးရေ ၈၃ စီး၊ ဆန်ကွဲတင်ပို့မှု ၅၈၉၀ အိတ်နှင့် ကား အစီးရေ ၁၄ စီး တင်ပို့ခဲ့ကြောင်း ပန်တိုင်စစ်ဆေးရေး အထွက်စာရင်းများအရ သိရသည်။ ဓနုဖြူမြို့နယ်မှတင်ပို့သော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
