
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၃.၇.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသောစီးပွားရေး လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချ သောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်(၆)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
