Main menu

အရောင်းသွက်နေသော ပြည်ချင်းနှင့် စာအုန်းဆီဈေးကွက်

Powered by Drupal

         ပြည်ဈေးကွက်ရှိ အောင်ပန်းချင်းများမှာ ယခင်တစ်ပတ်တွင် တစ်ပိဿာလျှင် လက်ကားဈေး ၁၈၀၀-၂၀၀၀ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် ၂၇၀၀-၂၈၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင်ပိဿာချိန် ၂၀/၂၅ ဝင်ဆံ့အိတ် ၁၅၀/၂၀၀ အတွင်း ပုံမှန် ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။ ချင်းများကို ပြည်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းရှိ လက်လီဝယ် ယူမှုရှိသည့်အတွက် ယခုအပတ်တွင် ပိဿာချိန် ၈၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

         ပြည်မြို့ရှိစားအုန်းဆီဈေးနှုန်းများမှာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၆၃၀၀ကျပ် ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ မေလတွင် တစ်ပိဿာလျှင် ၇၄၀၀ကျပ်မှ ဇူလိုင်လတွင် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ၂၀၂၂ စက်တင်ဘာလ မှာဖြင့် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးကျခဲ့ပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဈေးသို့ ကျဆင်းလာခဲ့သည့်အတွက် စားသုံးသူပြည်သူများ အနေဖြင့် ဝယ်ယူစားသုံးရာတွင် အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)