Main menu

ပြည်မြေပဲဆန်ဝင်သလောက် အရောင်းအဝယ်ဖြစ်

Powered by Drupal

        ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆောင်းမြေပဲများ နယ်စုံတွင် စတင်ထွက်ပေါ်နေသဖြင့် ပြည်ဈေးကွက်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ နယ်စုံမှဝင်ရောက်လာသော မြေပဲဆန်များကို ပြည်ဈေးကွက်မှတစ်ဆင့် ဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပါသည်။ ယခုအပတ်တွင် ပြည်ဈေးကွက်သို့ နယ်စုံမှ တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၄၀၀/၁၅၀၀ခန့် ဝင်ရောက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မြေပဲဆန် လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များက အဝယ်ရှိပြီး ဆီစက်များကဆီကြိတ်မြေပဲဆန်ကို ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၀၀၀/၁၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်က မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိပြီး ယခုအပတ်တွင် ဝယ်လက်ပျောက်သွားသဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ယခုအပတ်မြေပဲဆန်ဈေးများမှာ မြေပဲဆီဆန် တစ်ပိဿာလျှင် ၄၃၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ယခင်အပတ်ထက် တစ်ပိဿာလျှင် ၁၀၀ကျပ်ခန့် ဈေးကျလာခဲ့ပြီး မြေပဲဆန်လုံးဆန်(အနီ) တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ဒေသတွင်းပဲလှော်ဖိုသမားများနှင့် မန္တလေးဝယ်လက်သမားများက ဝယ်ယူမှုရှိသဖြင့် တစ်ပိဿာ လျှင် ၁၀၀ကျပ်ခန့် ဈေးမြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)