
စားသုံးသူရေးရာဉီးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်/ မြို့နယ်များရှိဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ပြုလုပ်ရာ၌ အဆင်ပြေချောမွေ့စေရေးနှင့် ဝန်ထမ်းများစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးအွန်လိုင်းသင်တန်း (၃/၂၀၂၆) အား(၁၆.၇.၂၀၂၆) ရက်နေ့မှ (၁၇.၇.၂၀၂၆)ရက်နေ့ထိ(၂)ရက်တာသင်တန်းအား သင်တန်းနည်းပြ (၂)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းက စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ ယုံကြည်စိတ်ချစားသုံးကြဟူသော ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးရာတွင် အသက်အရွယ်အပိုင်းအခြားအလိုက် အသိပညာပေးသင့်သည့်အချက်များ၊ CICC တိုင်ကြားရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အမှုဖြစ်စဉ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
