
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့၊ နေ့လယ်(၀၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်အား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်မှ ထုတ်လုပ်ထားသော ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်ဆိုတဲ့ မျှော်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွဦးဆောင်ရွက်ရန် ဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက်များ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။
ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ အချက်(၈)ချက်ကိုဖော်ပြရပါမည်။ (၁) ကုန်စည်၏တံဆိပ်အမှတ်အသား၊ (၂)ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ (၃)ထုတ်လုပ်သည့်ရက်စွဲ၊ (၄)ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ အမည်/လိပ်စာ၊(၅)ထုတ်လုပ်သည့်နေရာ(သို့)ပြည်ပမှ ကုန်စည်များတင်သွင်းပြီးပြန်လည်ထုတ်ပိုးသည့် နေရာ၊ (၆)ကုန်စည်တွင်ပါရှိသောကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏ ပါဝင်မှုအမျိုးအစား (၇)ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်(၈)သက်ဆိုင်ရာအစိုးရဌနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များဖြစ်ပါသည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
