Main menu

တောင်သာမြို့နယ်၏ပဲတီစိမ်းဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း

Powered by Drupal

           မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် ကြက်သွန်နီ၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ စိုက်ပျိုးလျှက်ရှိပြီး ပဲတီစိမ်းသီးနှံများကိုလည်း တောင်သာမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာ၊ ဇဂျမ်းရွာ၊ ဖက်တောရွာ၊ ဇရပ်ကြီးရွာ၊ ရုံးစည်ကြီးရွာ၊ ကျောက်ကုန်းရွာ၊ ထန်းပင်ကန်ရွာနှင့် မင်းစုကျေးရွာတို့၌ မိုးကောင်းသောက်ယာမြေများတွင် ပဲတီစိမ်းသီးနှံများကို စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပဲတီစိမ်းစိုက်ဧက (၂၅၀၇၄)ဧက၊ အထွက်နှုန်း အနေဖြင့် (၇-၈) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်၌ ပဲတီစိမ်းခွဲခြမ်းတစ်ပိဿာလျှင် ၃၃၈၀ကျပ်၊ ပဲတီစိမ်း ရိုးရိုးတစ်ပိဿာလျှင် ၃၈၅၀ ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် ၄၅၆၀ ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  ယခင်တစ်ပတ်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲတီစိမ်း တစ်ပိဿာလျှင် (၁၅၀-၂၀၀) ကျပ်ခန့်  ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ဈေးကွက်တွင် အဝယ်လိုက်လာသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊  တင်ပို့မှုအနေဖြင့် မန္တလေး မြို့ ၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)