Main menu

လက်ပံတန်းမြို့ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း ၊ ပြည်ပဝယ်လိုအားရှိသည့် ပဲတီစိမ်း၊ မြေပဲ၊ မတ်ပဲများကို လက်ပံတန်းမြို့နယ်အတွင်းရှိ တော်လသ၊ ညောင်ဝိုင်း၊ ခမုံ၊ ဇီးဖြူကုန်း၊ ချောင်းသုံးခွ စသည့် ကျေးရွာများနှင့် ဂုံညင်းတန်း၊ ငှက်ပျောတောနယ်များမှလည်း ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်းဒေသတွင် စားသုံးမှုအတွက် ပြည်မြို့မှ စားတော်ပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြားစသည့် ပဲများလည်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။အဆိုပါ ပဲမျိုးစုံ၏ ဇူလိုင်လတတိယပတ်ရှိ ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

          ပဲတီစိမ်းတစ်တင်းလျှင်  ၁၀၀၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။မြေပဲဆန်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် မြေပဲဆန်တစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာပြီး ဒေသတွင်း ဆီကြိတ်စက်များအပြင် ရန်ကုန်၊ပြည်သို့ တင်ပို့ရောင်းချ ကြကြောင်း သိရှိရပါသည်။ကုလားပဲတစ်တင်းလျှင် ၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။မတ်ပဲတစ်တင်းလျှင် ၁၀၉၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။စားတော်ပဲ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊တစ်တင်းလျှင် ၂၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရပါသည်။ပဲလွမ်းဖြူတစ်ပိဿာလျှင် ၄၄၀၀၀ ကျပ် ၊ တစ်တင်းလျှင် ၈၈၀၀၀၀ကျပ်၊ ပဲနီပြားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊တစ်တင်းလျှင် ၂၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သတင်းရရှိပါသည်။

 DOCA(ပဲခူး)