Main menu

ကန့်ဘလူဒေသထွက် နှင်းသီးများ လူကြိုက်များပြီး အရောင်းသွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် အိမ်ခြံဝင်းများနှင့် ယာတောများ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ကန့်ဘလူဒေသထွက် နှင်းသီးများ ဒေသတွင်းဈေးကွက်၌ အရောင်းသွက်လျက်ရှိပြီး မိသားစုအပိုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူဒေသရှိ အိမ်ခြံဝင်းများ၊ ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော နှင်းသီးပင်များသည် ဖေဖော်ဝါရီလနှင့် မတ်လများတွင် အသီးများစတင်သီးလေ့ရှိပြီး  ဇွန်လနှင့် ဇူလိုင်လများတွင် အသီးများရင့်မှည့်ကာ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ယခုအခါ ဒေသထွက် နှင်းသီးများမှာ လတ်ဆတ်ပြီး အရသာကောင်းမွန်သည့်အတွက် မြို့မဈေးနှင့် လမ်းဘေးဝဲယာ သစ်သီးအရောင်းဆိုင်များတွင် ဝယ်ယူစားသုံးသူများပြားကာ အရောင်းသွက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဒေသပေါက်ဈေးနှုန်းများမှာ နှင်းသီးတစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ (၂၅)ကျပ် သားလျှင် ကျပ် ၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ကန့်ဘလူဒေသထွက် နှင်းသီးသည် သဘာဝအတိုင်း ဓာတုဆေးဝါးကင်းစင်စွာ စိုက်ပျိုးထား ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အေးမြဆတ်ချိုသည့် အရသာရှိခြင်းကြောင့် ဝယ်ယူစားသုံးသူများအကြား ကြိုက်နှစ်သက်မှုများကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများနှင့် မိသားစုများအတွက် အပိုဝင်ငွေရရှိနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)