Main menu

ပန်းတိမ်ငိုပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချို့သည် မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် ဈေးကွက်ဝင် ပန်းတိမ်ငိုပန်းကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင် ကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ပန်းတိမ်ငိုပန်းကို များသောအားဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလ (သီတင်းကျွတ်၊ တန်ဆောင်မုန်းလ)များတွင် စတင်စိုက်ပျိုးကြသော်လည်း ယခုအခါ ရာသီမရွေးစိုက်ပျိုးလာကြောင်း ပန်းပင်၏ သက်တမ်းမှာ စိုက်ပျိုးချိန်မှစ၍ ပန်းပွင့်ဆွတ်ခူးချိန်အထိ () လမှ () လခွဲ ခန့်အထိ ကြာမြင့်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်း၌သော် လည်းကောင်း၊ လယ်ယာမြေအနီး၌သော်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုအနေဖြင့်  ဘောင်ငယ် ဘောင်ခန့် သို့မဟုတ် မြေကွက်အနည်းငယ်အတွက် ကုန်ကျ စရိတ်မှာ မြန်မာကျပ်ငွေ သိန်းမှ သိန်းဝန်းကျင်ခန့်သာရှိသဖြင့် ကုန်ကျစရိတ်သက်သာကြောင်း၊ မိသားစုလုပ်အားဖြင့်သာ အဓိကစိုက်ပျိုးကြောင်း သိရသည်။

      စိုက်ပျိုးပြီး () လကျော်အကြာများတွင် ပန်းတိမ်ငိုပန်းများ စတင်လှိုင်လှိုင်ထွက်ရှိကြောင်း၊ ပန်းထိမ်းငိုပန်းသည် အရောင်အသွေးစုံလင်ပြီး အပွင့်ခံကာ ရိုးတံခိုင်ခြင်းကြောင့် ဘုရားပန်းအလှူ အတန်းများအတွက် အသုံးပြုမှုများပြားသည့်အတွက် ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပန်းတိမ်ငိုပန်း သည် တစ်ကြိမ်တည်းကဘဲ အပွင့်အဖူးအလိုက် ပတ်မှ လနီးပါးအထိ လှည့်လည်ဆွတ်ခူး ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ခြံ၌လက်လီရောင်းချခြင်း၊ မြို့မဈေးရှိ ပန်းရောင်းချသူများမှ လာရောက်ဝယ်ယူကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခုလ ပထမပတ်အတွင်း ပန်းတိမ်ငိုပန်း တစ်စည်း လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ထိရောင်းချရသဖြင့် ဈေးကောင်းရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)