Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

        အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၁၄)ရက်နေ့မှ ဒီဇင်ဘာလ(၂၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(၁ ပိဿာ)လျှင် ကျပ် ၈၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၄၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၄၀၀ မှ ၁၂၀၀ အတွင်း၊ အာလူး(၁ ပိဿာ)လျှင် ကျပ် ၁၇၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဥနီ(၁ ပိဿာ)လျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၇၀၀ မှ ၆၀၀၀ အတွင်း၊ ဘူးသီး(၁ လုံး)လျှင် ကျပ် ၆၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(၁ ပိဿာ)လျှင် ကျပ် ၈၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ၁ ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၄၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(၁ ပိဿာ)လျှင် ကျပ် ၃၀၀၀ မှ ၄၁၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁ ပိဿာ)လျှင် ကျပ် ၃၀၀၀ မှ ၃၆၀၀ အတွင်း၊ ချင်း(၁ ပိဿာ)လျှင် ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဆလပ်ရွက် (၁ စီး)လျှင် ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(၁ စီး)လျှင် ကျပ် ၇၅ မှ ၁၅၀ အတွင်း၊ ခရမ်းသီး  (ရှည်)(၁ ပိဿာ)လျှင် ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ သံပုရာသီး(၁ လုံး)လျှင် ကျပ် ၇၀ မှ ၁၂၅ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (၁ ပိဿာ)လျှင် ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) (၁ ပိဿာ)လျှင် ကျပ် ၁၀၀၀မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၂၂၃၇၀၀)လုံးကျော်၊ ခရမ်းသီး(ရှည်) ပိဿာ(၁၃၅၇၀)ပိဿာကျော်၊ ဘူးသီးအလုံးပေါင်း (၃၈၈၀)လုံးကျော်၊ ရွှေဖရုံသီး အဝင်မရှိပါ၊ ဂေါ်ဖီထုပ်ပေါင်း (၄၄၈၀၀)ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၈၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၂၁၀)ပိဿာကျော်၊ ဖရဲသီးလုံးပေါင်း (၃၄၈၀၀)လုံးကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)