ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် လျာထားဧက( သီးညှပ် ၂၇၃၄၄ ၊ သီးသန့် ၃၉၃၇ ဧက ) စိုက်ပျိုးရန် လျာထားခဲ့ပါသည်။ ယခုအခါ စိုက်ပျိုးမြေဧက (သီးညှပ် ၂၇၄၅၀ ၊ သီးသန့် ၃၉၃၇) စိုက်ပျိုးပြီးစီးခဲ့ပါသည်။ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ ပြည်တွင်းဌာနခွဲတာဝန်ခံနှင့် လက်ပံတန်းမြို့နယ် တာဝန်ခံတို့သည် ၁၅.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ကျွန်းကလေး ကျေးရွာအုပ်စု ၊ ကျွန်းကလေးကျေးရွာရှိ တောင်သူ ဦးတင်ရွှေ၏ ဆောင်းသီးနှံနေကြာစိုက်ခင်းသို့ သွားရောက်၍ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေအား တွေ့ဆုံမေးမြန်းပြီးနောက် နေကြာစိုက်တောင်သူအစုအဖွဲ့ကို တောင်သူ (၁၁)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)