Main menu

၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တရုတ်နိုင်ငံ၊ Nanning (နန်နင်း) မြို့တွင် ကျင်းပ ပြုလုပ်

Powered by Drupal

           တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကို ၁၇-၉-၂၀၂၆ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဒေသတွင်းနိုင်ငံများမှ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင် များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံမှလည်း ပြည်တွင်းထုတ်ကုန်များအတွက် နိုင်ငံတကာဈေးကွက်များ ပိုမိုရရှိရေးရည်ရွယ်၍ ပါဝင်ပြသခဲ့သည်။ ယခုနှစ်ပြပွဲတွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) (3.0) အောက်ရှိ အခွင့်အလမ်းများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တု (AI)၊ စိမ်းလန်းဖွံ့ဖြိုးရေးနှင့် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul နှင့် တရုတ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Ding Xuexiang တို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ် Ding က CAEXPO နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) တို့သည် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် ပလက်ဖောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ပလက်ဖောင်းများကို ထိရောက်စွာအသုံးချကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါ်ထွန်းလာသည့် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်မှုကဏ္ဍများတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn ကလည်း ACFTA 3.0 မှ ရရှိလာမည့် အကျိုးကျေးဇူးများကို စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများက လက်တွေ့ခံစားနိုင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမျိုးသားပြခန်းနှင့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပြခန်းများဖြင့် ပါဝင်ခဲ့ပြီး ပြပွဲတွင် ပါဝင်ခဲ့သည့် Kandal ပြည်နယ်အခြေစိုက် Ramaneth Gem and Souvenir Handcraft လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်ကတည်းက လက်မှုပစ္စည်းများ၊ ငွေနှင့် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်သည့် အမျိုးသမီးလက်ဝတ်ရတနာများကို ထုတ်လုပ်ရောင်းချနေပြီး ဒေသခံလက်မှုပညာရှင်များကိုလည်း အထောက်အပံ့ပေးလျက်ရှိသည်။ လုပ်ငန်းပိုင်ရှင် Heur Ramaneth က ယခုအကြိမ်သည် နန်နင်းကုန်စည်ပြပွဲသို့ လေးကြိမ်မြောက် ပါဝင်ခြင်းဖြစ်ပြီး ယခင်က တရုတ်၊ ဗီယက်နမ်နှင့် စင်ကာပူဈေးကွက်များသို့ ထုတ်ကုန်များ တင်ပို့ရောင်းချခဲ့ကြောင်း ပြောကြားခဲ့သည်။ ပြပွဲများတွင် ထပ်ခါတလဲလဲ ပါဝင်ခြင်းသည် ဖောက်သည်များ၏ လိုအပ်ချက်ကို နားလည်လာစေပြီး ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွက် ထုတ်ကုန်များအားပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။ ယခင်ပြပွဲများတွင် ထုတ်ကုန်များကို ပြသရန် အဓိကထားခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးမိတ်ဖက်များနှင့် ဆက်သွယ်နိုင်ရန်အတွက်လည်း အခွင့်အလမ်းများ ရရှိလာကြောင်း Ramaneth က ပြောကြားခဲ့သည်။ ယခုနှစ် CAEXPO တွင် နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ ကုမ္ပဏီ ၃,၄၀၀ ကျော် ပါဝင်ခဲ့ပြီး ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ပါဝင်မှု ၅.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)