Main menu

မိုးခေါင်ရေရှားမှုဒဏ်ကြောင့် အိန္ဒိယနိုင်ငံ၏ ပြောင်းထုတ်လုပ်မှု လျော့ကျမည်ဟုခန့်မှန်း

Powered by Drupal

          USDA ၏ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြောင်းထုတ်လုပ်မှုကို မက်ထရစ်တန် ၅၀.၀ သန်းဟု ခန့်မှန်းထားရာ ယခင်လက ခန့်မှန်းချက်ထက် ၄ ရာခိုင်နှုန်း လျော့ကျ သွားပြီး ယခင်နှစ် စုစုပေါင်းထွက်ရှိမှုထက် ၉ ရာခိုင်နှုန်း နိမ့်ကျသွားခဲ့သည်။ ထို့ပြင် စိုက်ပျိုးဧက ၁၄.၀ သန်း ဟက်တာရှိမည်ဟု ခန့်မှန်းထားပြီး ယခင်လနှင့် ယခင်နှစ် နှစ်ခုစလုံးနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင် နှုန်းစီ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

          အိန္ဒိယနိုင်ငံ၏ ပြောင်းထုတ်လုပ်မှု ၇၅ ရာခိုင်နှုန်းခန့်သည် မိုးရာသီမှ လာခြင်းဖြစ်ပြီး အနောက်တောင်မိုးလေဝသ စတင်ဝင်ရောက်မှု အခြေအနေအပေါ် အလွန်အမင်းမှီခိုနေရပြီး ယခုနှစ်တွင် ပုံမှန်အားဖြင့် မေလကုန်ပိုင်းတွင် စတင်လေ့ရှိသော မိုးဝင်ရောက်မှုမှာ နောက်ကျခဲ့သဖြင့် ပြောင်းစိုက်ပျိုးမှုနှုန်းမှာ ယခင်နှစ်ကထက် နောက်ကျခဲ့ပြီး ရာသီအစတွင် မိုးရွာသွန်းမှုအားနည်းပြီး မမှန်ကန်ခဲ့သော်လည်း ဇူလိုင်လတွင် မိုးစတင်ရွာသွန်းလာမှုကြောင့် အနည်းငယ်သက်သာရာရခဲ့ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရပြီး စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားဝန်ကြီးဌာန၏ စက်တင်ဘာလ ၄ ရက်စွဲပါ အပတ်စဉ် စိုက်ပျိုးပြီးစီးမှု အစီအရင်ခံစာအရ ပြောင်းစိုက်ဧကမှာ ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း သိရှိရသည်။

          ထို့ပြင်သီးနှံစိုက်ပျိုးသည့် ကာလအတွင်း ဂြိုလ်တုမှရရှိသော သစ်ပင်သစ်တော ရှင်သန်စည်ပင်မှု အညွှန်းကိန်း (Vegetation Index) အချက်အလက်များအရ ယခင်နှစ်နှင့် ရေရှည်ပျမ်းမျှ အနေအထား နှစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက သီးနှံရှင်ငန်အား ကောင်းမွန်မှုနည်းပါနေသည်ကိုပြသနေပြီး ထိုပုံစံသည် အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသများတွင် ပိုမိုသိသာထင်ရှားနေကြောင်းပြသနေသည်။ ၎င်းကို USDA က ရာသီအလိုက် မိုးရွာသွန်းမှုမမှန်ကန်ခြင်းနှင့် ပြောင်းသီးနှံ ကြီးထွားဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးသက်ရောက်စေကာ နောက်ဆုံးထွက်ရှိလာမည့် အထွက်နှုန်းအပေါ် သက်ရောက်မှုကို အတည်ပြုချက် တစ်ရပ်အနေဖြင့် ရှုမြင်ကြကြောင်း သိရှိရပါသည်။

           မိုးရာသီပြောင်းသီးနှံ ရိတ်သိမ်းမှုကို စက်တင်ဘာလတွင် စတင်ခဲ့ပြီး အိန္ဒိယနိုင်ငံသည် ဆောင်းရာသီတွင် ရာသီဥတုအေးသည် ကာလ Rabi ဟုခေါ်သော ဒုတိယမြောက်နှင့် ပမာဏအားဖြင့် ပိုမိုငယ်သော ပြောင်းသီးနှံတစ်မျိုးကိုလည်း စိုက်ပျိုးသေးပြီး ရာသီ၏ စိုထိုင်းဆနှင့် သွင်းအားစုအခြေအနေများ မည်ကဲ့သို့ တိုးတက်လာမည်ဆိုသည့်အပေါ်မူတည်၍ ယခုနှစ် မိုးရာသီ၏ လျော့နည်းမှုကို တစ်စိတ်တစ်ပိုင်း ပြန်လည်ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ မိုးရာသီ ပြောင်းသီးနှံ အထွက်နှုန်းနည်းပါးခြင်းသည် ပြောင်းကိုအဓိက အစာကြမ်းသွင်းအားစုအဖြစ် အသုံးပြုနေကြသော အိန္ဒိယနိုင်ငံ၏ ကြက်ငှက်မွေးမြူရေးနှင့် တိရစ္ဆာန်အစာ စက်မှုလုပ်ငန်းများအပြင် နိုင်ငံ၏ကျယ်ပြန့်လာနေသော ပြောင်းကိုအခြေခံသည့် အီသနောထုတ် လုပ်မှုအစီအစဉ်များအပေါ်ပါ တိုက်ရိုက်သက်ရောက်မှုရှိလာစေပြီး ယခုနှစ် ပြည်တွင်းထွက်ကုန် ထောက်ပံ့မှုူ တင်းမာလာခြင်းက လာမည့်လများတွင် ပြည်တွင်းပြောင်းဈေးနှုန်းများနှင့် တိရစ္ဆာန် အစာဈေးနှုန်းများကို မြင့်တက်လာစေနိုင်ပြီး ထိုအခြေအနေကို မိုးရာသီပြောင်းရိတ်သိမ်းမှု အချက်အလက်များ လာမည့်အပတ်များတွင် ပိုမိုခိုင်မာလာသည်နှင့်အမျှ တိရစ္ဆာန်အစာကြိတ်ခွဲထုတ်လုပ်သူများ၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်းများနှင့် အီသနေထုတ်လုပ်သူများက အနီးကပ် စောင့်ကြည့်သွားကြမည်ဖြစ်ပြီး ၎င်းသည် အောက်တိုဘာလတွင် စိုက်ပျိုးတော့မည့်အချိန်မတိုင်မီ တောင်သူများအတွက် ရရှိနိုင်မည့် မျိုးစေ့၊ ရေသွင်းစနစ်နှင့် သီးနှံကာကွယ်ရေး သွင်းအားစုများနှင့်အတူ အိန္ဒိယ နိုင်ငံ၏ ဆောင်းရာသီ ပြောင်းစိုက်ပျိုးသည့် ရာသီအပေါ်ကိုပါ အာရုံစိုက်မှုအသစ် ဖြစ်ပေါ်စေလာကြောင်း သိရှိရပါသည်။

Source : Global Agriculture                                                                    

DOCA(ရန်ကုန်)