Main menu

ကမ္ဘောဒီးယား၏ အာဆီယံနှင့် အီးယူ ကုန်သွယ်မှု ပထမ ၈ လအတွင်း ၁၆.၈ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

         ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံ (ASEAN) နှင့် ဥရောပသမဂ္ဂ (EU) တို့နှင့် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၇.၃၉ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

         ဇန်နဝါရီလမှ ဩဂုတ်လအထိ ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၁၂.၉၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အလားတူ ကမ္ဘောဒီးယားနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်မှုမှာ ၁၃.၄ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၄.၄၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

         အဆိုပါကာလအတွင်း ကမ္ဘောဒီးယား၏ ကမ္ဘာတစ်ဝန်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၅၂.၁၂ ဘီလီယံ ရှိခဲ့သည်။ ယင်းအနက် အာဆီယံဈေးကွက်သည် ၂၄.၈ ရာခိုင်နှုန်းနှင့် ဥရောပသမဂ္ဂဈေးကွက်သည် ၈.၅ ရာခိုင်နှုန်း အသီးသီးပါဝင်ခဲ့ကြောင်း သိရသည်။

        ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ၏ ပြောကြားချက်အရ အဆိုပါကာလအတွင်း အဓိကကုန်သွယ်ခဲ့သည့် ပစ္စည်းများမှာ အဝတ်အထည်၊ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားသုံးပစ္စည်းများ၊ စက်ဘီး၊ ကားတာယာ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အပြင် ဆန်နှင့် သီဟိုဠ်စေ့ကဲ့သို့သော အဓိက စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)